ငါတို့ မိုးလင်းတော့
အိပ်ခဲ့တဲ့ နေရာကို သိမ်းရုတ်လို့ မျက်နှာသစ် သွားတိုက်နဲ့ သိပ်အေးတဲ့ ဆောင်းတွင်းကလွဲလို့ ရေတွေဘာတွေချိုးလို့... အဲဒီနောက်တော့ အသင့်ပြင်ထားတဲ့ မနက်စာက နေ့သစ်အတွက် လောင်စာဖြစ်ခဲ့ ဒီလိုနဲ့ ဒီလိုနဲ့ သစ်ချင်ယောင်ဆောင်ထားတဲ့ အဟောင်း ပြောင်လက်လာမလားဆိုပြီး ဖုန်ခါမိတဲ့ အိပ်မက် တက်ကြွချင်ယောင်ဆောင်ထားတဲ့ စိတ်ဓာတ်တွေနဲ့ ၀န်းကျင်ဟောင်း နေရာဟောင်း အလုပ်ဟောင်းကို အတွေးဟောင်း အမြင်ဟောင်း စကားလုံးအဟောင်းတွေနဲ့ ကျော်ဖြတ်ကြ မိုးချူပ်လို့ နေ၀င်သွားတော့ မပြည့်သေးတဲ့ စိတ်ဓာတ်တွေ အလိုဆန္ဒတွေပုံချလို့ အိပ်ယာဝင်ခဲ့ကြ ထူးခြားဖြစ်စဉ်ကတော့ ငယ်စဉ်ကလို အိပ်ယာဝင်ပုံပြင်တွေက နားထောင်မကောင်းတော့တာပဲ ငါတို့ တစ်ကြိမ်ပြန်နိုးထလာတော့ မိုးလင်းပြီ...။ အဲဒီလိုနဲ့ မိုးလင်းတော့... ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး (၁၈.၆.၂၀၁၆) https://shintnyolay.blogspot.com |
Authorကျွန်တော် ကဗျာမရေးတတ်ပါဘူး။ ဒါပေမယ့် ထိရှမိတဲ့အကြောင်းအရာတချို့ ခုထိစာစီကောင်းနေတုန်း... Archives
October 2016
Categories |