တောင်တန်းများက ခိုင်မာတောင့်တင်းဟန်လည်း ရှိတယ်။ ပြာမှိုင်းမှိုင်းနဲ့မို့ လွမ်းဆွတ်ဖွယ်လည်း ကောင်းတယ်။ နောက်ပြီး အထီးကျန်ခြင်းရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ကျွန်တော်က တောင်တန်းတွေကို ချစ်တယ်။ တစ်ချို့က ယောက်ျားတွေကို တောင်တန်းနဲ့လည်း တင်စားတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့က တောင်တန်းတွေနဲ့တူတယ်။ အဲဒါကြောင့် မြင့်မားခိုင်ခံ့တဲ့ဟန်နဲ့ အထီးကျန်နေသူတွေ ဖြစ်သည်။ နောက်ပြီး တိတ်တဆိတ် လွမ်းဆွတ်တတ်ကြသူများလည်း ဖြစ်တယ်။ ခင်ဗျားက တောင်တန်းတစ်ခုဆိုရင် အဝေးက ငေးကြည့်နေရတဲ့ ဆိုးဝါးတဲ့ ခံစားချက်ကို နားလည်မှာပါ။ ဒါမှမဟုတ် ခင်ဗျားမှာ တောင်တန်းနဲ့တူတဲ့ မိတ်ဆွေရှိနေရင်တော့ သူတို့ပြိုကျမသွားခင် သစ်ပင်လေးတွေကို စိုက်ပေးဖို့လိုပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆို တောင်တန်းတွေက ...
အထီးကျန်မှုဒဏ်ကို မခံစားနိုင်ဘူးလေ ........... |
Authorအတွေးလေးတွေကို အက္ခရာစာသားအဖြစ် ပုံပြောင်းလိုက်တဲ့အခါ စာပိုဒ်တချို့ဖြစ်လာတယ်... Archives
September 2016
Categories |