မင်းပစ်လိုက်တဲ့ခဲ
ငှက် ဘယ်နှစ်ကောင်ထိသလဲ ပစ်ပြီးမှ သုံးသပ်တာလား မပစ်ခင်ဆုံးဖြတ်တာလား။ မင်းလျှောက်ခဲ့တဲ့လမ်း ခရီးဘယ်လောက် ပေါက်ပြီလဲ မသွားခင် ဆုံးဖြတ်တာလား သွားရင်းနဲ့ သုံးသပ်တာလား။ ဘဝဟာ နဂိုဒုက္ခတွေနဲ့ လေးလံပြီးသား ဘာ့ကြောင့် အပိုဒုက္ခတွေနဲ့ ဝန်ပိစေမလဲ ဘဝလမ်းက ကောက်ပြီးသား ဖြောင့်ဖြောင့်လျှောက်မရတဲ့ ကြားထဲ စိတ်တွေ သိပ်မကောက်နဲ့လေ အဖြောင့်အတိုင်း ထားလို့မရဘူးလား။ ။ (၄.၉.၂၀၁၅ နံနက် ၈းဝဝ နာရီ) (ရှဥ့်ညိုလေး ၏ ပန်းပွင့်နှင့် ဒဏ္ဍာရီမှ/) |
Authorကျွန်တော် ကဗျာမရေးတတ်ပါဘူး။ ဒါပေမယ့် ထိရှမိတဲ့အကြောင်းအရာတချို့ ခုထိစာစီကောင်းနေတုန်း... Archives
October 2016
Categories |