မပြီးသေးတဲ့ ကဗျာတစ်ပုဒ်
ငါရေးထုတ်တယ် ငါးဆယ်နှစ်အုပ်မြောက် ဒိုင်ယာရီ… နောက်ဆုံးစာမျက်နှာ အက္ခရာတွေ သွန်ကျဲရင်း မနက်ဖြန်ဆိုတဲ့ စာမျက်နှာသစ်တွေ လှန်ခဲ့ရပေါင်းလည်း များပြီ … လေပြင်းတွေ၊ လေညင်းတွေနဲ့ လမ်းခယောင်းလည်း ပန်းဖယောင်းမဟုတ်တဲ့ ခြေဗလာနဲ့လျှောက်လို့ ပန်းခင်းလမ်းလည်း ရနံ့သင်းတဲ့ ရွှေအိုရောင်တွေတောက်လို့ ငါစိုက်တဲ့အပင်တွေထဲ အဆိပ်ပင်တစ်ပင်မှ မပါဘူး အသီးမလှရင်တောင် အရိပ်ရမယ့် အပင်တွေပေါ့… ကောဖီဘယ်နှစ်ခွက် သောက်ခွင့်ရှိသလဲ ငါမသိဘူး စာမျက်နှာသစ် ဘယ်နှစ်ရွက် လှန်ခွင့်ရှိမလဲ ငါမသိဘူး မိုးမြေမဆုံး စိတ်ကူးတွေနဲ့ ဒီနေ့အထိ ငါ့ဒိုင်ယာရီ ပြုံးပြီးဖတ်ဖို့ ကောင်းနေတုန်း… (၁၇.၂.၂၀၁၆ ည ၈း၃၂ မိနစ်) ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/ |
Authorကျွန်တော် ကဗျာမရေးတတ်ပါဘူး။ ဒါပေမယ့် ထိရှမိတဲ့အကြောင်းအရာတချို့ ခုထိစာစီကောင်းနေတုန်း... Archives
October 2016
Categories |